၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဩဂုတ် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနား တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြသည်။
ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့အား ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ၀င်း၀င်းသန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားကို ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ဩဂုတ်လ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။