ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းလုပ်ကိုင်လိုသူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  MSME လုပ်ငန်းလုပ်ကိုင်လိုသူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်    ဩဂုတ်     ၁၉

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး လည်ပတ်ရန်ပုံငွေမှ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်   MSME လုပ်ငန်း လုပ်ကိုင်လိုသူများအား  ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ     ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက  အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့က ချေးငွေထုတ်ယူမည့် စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   MSME လုပ်ငန်းရှင်များသို့ ချေးငွေများ ပေးအပ်ကြသည်။

အဆိုပါချေးငွေများအား စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြမည့် သန်လျင်မှရှစ်ဦး၊ ကျောက်တန်းမှ ၁၇ ဦး၊ သုံးခွမှခြောက်ဦး၊ ခရမ်းမှ ၁၁ ဦး၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ တစ်ဦး၊ တွံတေးမှ ၁၉ ဦး၊ ကော့မှူးမှ ၂၅ ဦး၊ ကွမ်းခြံကုန်းမှ ၆၀ ဦး၊ ဒလမှ ၁၃ ဦး၊ တိုက်ကြီးမှ နှစ်ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြမည့် ကျောက်တန်းမှ  တစ်ဦး၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ တစ်ဦး၊ တိုက်ကြီးမှ တစ်ဦး၊ သုံးခွမှနှစ်ဦး၊ MSME လုပ်ငန်းလုပ်ကိုင်မည့် စမ်းချောင်းမှတစ်ဦး၊ ကျောက်တန်းမှ တစ်ဦး၊ မြောက်ဥက္ကလာပမှတစ်ဦး စုစုပေါင်း ၁၇၀ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် အချိန်စေ့ရောက်၍ ပြန်လည်ပေးဆပ်သော နိုင်ငံ့စီးပွားမြှင့်တင်ရေး လည်ပတ်ရန်ပုံငွေမှ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ၂ဝ၂၃ ခုနှစ်တွင်  စိုက်ပျိုးရေး လုပ်ငန်းများအတွက် ၅၈၃ ဦး၊  မွေးမြူရေးလုပ်ငန်းများ အတွက် ၁ဝ၅ ဦး၊ MSME လုပ်ငန်းများအတွက် ၂၆ ဦးတို့အား ချေးငွေများ ထုတ်ချေးခဲ့ကြောင်းနှင့် ၎င်းတို့အား အချိန်စေ့ရောက်၍ ပြန်လည်ပေးဆပ်သော   နိုင်ငံ့စီးပွားမြှင့်တင်ရေး လည်ပတ်ရန်ပုံငွေမှ ပြန်လည်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Dates: 
Tuesday, August 20, 2024 - 20:04