ပဲခူးတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ၂၀ နှုန်း အဓမ္မလူစုဆောင်း နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်သတင်း ရေးသား ထုတ်လွှင့်ဖြန့်ဝေ

 

ပဲခူးတိုင်းဒေသကြီးတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ၂၀ နှုန်း အဓမ္မလူစုဆောင်း နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်သတင်း ရေးသား ထုတ်လွှင့်ဖြန့်ဝေ

 

နေပြည်တော် ဩဂုတ် ၂၀

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်းစသည့်မြို့နယ်များတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေကြောင်း၊ ညဘက် လူအိပ်ချိန်တွင် အိမ်ထဲထိဝင်ရောက်ဆွဲခေါ်နေကြောင်း၊ အသက်မပြည့်သေးသော သူများလည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ်တာဝန်ထမ်းဆောင်ရန် လက်မှတ် ရေးထိုးခိုင်းနေကြောင်းစသည်ဖြင့် မဟုတ်မမှန်ဝါဒဖြန့် သတင်းများကို ပြည်ဖျက်မီဒီယာ DVBက အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေသည်ကို သိရသည်။

 အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာနှင့် နိုင်ငံကို အလုံးစုံပျက်သုဉ်း စေလိုသူ အကြမ်းဖက်၊ လောက်ကောင်များက လူငယ်လူရွယ်များကို လမ်းမှားရောက် စေရန်အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များသည် တာဝန်ကျရာတပ်ရင်း တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေသည်မှာ မငြင်းနိုင်သည့် အမှန်တရားသာဖြစ်ကြောင်း၊ မိဘ ပြည်သူများကို အသိအမြင် လွဲမှားစေရန်၊ စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသား ထုတ်လွှင့်ခြင်းသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းမှန်များ ကိုလည်း နိုင်ငံပိုင်မီဒီယာများမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေး နေလျက်ရှိကြောင်း  သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။