U - 12 Junior Soccer World Challenge 2024 ပြိုင်ပွဲမတိုင်မီ မြန်မာယူ-၁၂ အသင်း Training Match အဖြစ် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား

 

U - 12 Junior Soccer World  Challenge 2024 ပြိုင်ပွဲမတိုင်မီ မြန်မာယူ-၁၂ အသင်း Training Match အဖြစ် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား

 

ရန်ကုန်  ဩဂုတ်  ၁၉

    U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၂ အသင်းသည် ယနေ့နံနက်ပိုင်းတွင် ပြိုင်ပွဲကျင်းပရာ ဂျပန်နိုင်ငံ ချီဘားမြို့သို့ ရောက်ရှိခဲ့ပြီးနောက်     မွန်းလွဲပိုင်းတွင် Training Match ပွဲစဉ်များအဖြစ် Daiwa အသင်း၊ Nadeshik အမျိုးသမီးအသင်း၊  ဘာစီလိုနာအကယ်ဒမီ (ဂျပန်)အသင်းတို့နှင့်  မိနစ် ၂ဝ  စီ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲတွင် ဘာစီလိုနာ လူငယ်အသင်းအပါအဝင် ဥရောပမှ ထိပ်တန်းကလပ် အသင်းများလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါခြေစမ်းပွဲစဉ်များ ကစားခဲ့ရာ မြန်မာယူ-၁၂ အသင်းသည် Daiwa အသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး Nadeshik အမျိုးသမီးအသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ဘာစီလိုနာအကယ်ဒမီ(ဂျပန်) အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာယူ -၁၂ အသင်းသည်  U - 12 Junior Soccer World Challenge 2024 အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ်လ ၂ဝ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၂ဝ တွင် Tozuka Football Club Junior အသင်းနှင့် လည်းကောင်း၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅ဝ မိနစ်တွင်  Kashima Antlers Norte အသင်းနှင့် လည်းကောင်း၊ ဩဂုတ်လ ၂၁ ရက် နံနက် ၇  နာရီ မိနစ် ၂ဝ တွင် FC Basara Hyogo သင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, August 21, 2024 - 09:18