ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်ပြက္ခဒိန်အတွက် ပြင်ပဓာတ်ပုံ ပညာရှင်နှင့် ဝါသနာရှင်များအား ဓာတ်ပုံများ ပေးပို့နိုင်ရန်ဖိတ်ခေါ်

 

ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်ပြက္ခဒိန်အတွက် ပြင်ပဓာတ်ပုံ ပညာရှင်နှင့် ဝါသနာရှင်များအား ဓာတ်ပုံများ ပေးပို့နိုင်ရန်ဖိတ်ခေါ်

 

ရန်ကုန် သြဂုတ် ၂၀

  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ် ကြီး ၂၀၂၅ ခုနှစ် ပြက္ခဒိန်အတွက် ပြင်ပ ဓာတ်ပုံပညာရှင်နှင့်   ဝါသနာရှင်များအား ဓာတ်ပုံများ ပေးပို့နိုင်ရန် ဖိတ်ခေါ်ထား ကြောင်း  ရွှေတိဂုံစေတီတော်  ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

ဓာတ်ပုံများပေးပို့ရာတွင် ဓာတ်ပုံပညာရှင်၊ ဓာတ်ပုံဝါသနာရှင်များ အနေဖြင့် ယခု နှစ်အတွင်း ၎င်းတို့ကိုယ်တိုင်ရိုက်ကူးထားသော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာ  ဓာတ်ပုံများနှင့်  ဗုဒ္ဓ ရုပ်ပွားတော်များ၏ ဓာတ်ပုံများကို သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ပေးပို့နိုင်ကြောင်း သိရသည်။

“ရွှေတိဂုံစေတီတော်   အထိမ်းအမှတ် ပြက္ခဒိန်ကို     နှစ်စဉ်ဂေါပကအဖွဲ့ကနေ ဦးဆောင်ပြီး ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဓာတ်ပုံဆရာတွေနဲ့   ရိုက်ကူးထုတ်လုပ် လာခဲ့တာပါ။  ဒီနှစ်မှာ  ပိုပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေ၊  ပိုပြီး ကြည်ညိုသပ္ပာယ်ဖို့ ကောင်းတဲ့    ဓာတ်ပုံတွေရရှိဖို့    ပြင်ပဓာတ်ပုံပညာရှင်တွေ၊    ဓာတ်ပုံဝါသနာရှင်တွေကိုလည်း  ဓာတ်ပုံ တွေပေးပို့ကြဖို့ ဖိတ်ခေါ်ထားပါတယ်” ဟု ရွှေတိဂုံစေတီတော်  ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးဘိုးသင်း ကပြောသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ အနေဖြင့်    နှစ်စဉ်ရွှေတိဂုံ စေတီတော်  အထိမ်းအမှတ်ပြက္ခဒိန်များ ကို အများပြည်သူအား ဖြန့်ဝေလာခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်ပြီး ၂၀၂၅  ခုနှစ် အတွက် ရွှေတိဂုံစေတီတော်အထိမ်းအမှတ် ပြက္ခဒိန်များကို Portrait နှင့် Landscape ဟူ၍ အရွယ်အစားနှစ်မျိုးနှင့်  ထုတ်လုပ် မည်ဖြစ်ကာ  ပြက္ခဒိန်တစ်မျိုးစီတွင်   ရှေ့ မျက်နှာဖုံးအပါအဝင် ခုနစ်မျက်နှာစီ  ပါရှိ မည်ဖြစ်ကြောင်း သိရသည်။

ပြက္ခဒိန်နှစ်မျိုးစလုံးအတွက်  စုစုပေါင်း အကောင်းဆုံးဓာတ်ပုံ ၁၅ ပုံကို အကဲဖြတ် ရွေးချယ်ရေးအဖွဲ့မှ   စိစစ်ရွေးချယ်ကာ ပြက္ခဒိန်ထုတ်လုပ်မည်ဖြစ်ပြီး   ရွေးချယ် ခံရသောဓာတ်ပုံများကို   ရိုက်ကူးခဲ့သည့် ဓာတ်ပုံပညာရှင်များနှင့် ဓာတ်ပုံဝါသနာ ရှင်များကိုလည်း  ထိုက်သင့်သောဉာဏ် ပူဇော်ခများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရ သည်။

ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံဝါသနာ ရှင်များအနေဖြင့် ဓာတ်ပုံများပေးပို့လိုပါက ဩဂုတ်လ ၂၆ ရက် နောက်ဆုံးထား၍ ရွှေတိဂုံစေတီတော်  ဘဏ္ဍာထိန်းဂေါပက အဖွဲ့ရုံးသို့    ပေးပို့နိုင်ပြီး   အသေးစိတ် သိရှိလိုပါက  ရွှေတိဂုံစေတီတော် ဘဏ္ဍာ ထိန်းဂေါပကအဖွဲ့ ဖုန်း-၀၁- ၈၃၇၅၇၆၇   သို့   ဆက်သွယ်စုံစမ်းနိုင်ကြောင်း  သိရသည်။

Dates: 
Wednesday, August 21, 2024 - 07:08