သေတ္တာထဲက နှလုံးသားနည်းပညာက လှူမည့်ကိုယ်တွင်းအင်္ဂါကို အချိန်ပိုကြာစွာ ထားနိုင်
သုတေသနပညာရှင်များက “သေတ္တာထဲက နှလုံးသား”အမည်ရှိ နည်းပညာကို တီထွင်ဖန်တီးလိုက်ပြီး ထိုနည်းပညာက အလှူရှင် လှူဒါန်းလိုက်သည့် အစားထိုး ကိုယ်တွင်းအင်္ဂါများကို အချိန်ပိုကြာစွာ ထားနိုင်စေမည်ဖြစ်သည်။
နှလုံးအစားထိုး ကုသမှုမျိုးတွင် အလှူရှင်က လှူဒါန်းထားသည့်နှလုံးကို အလှူခံ လူနာထံ အချိန်မီရောက်ရှိရေးက အလွန်အရေးကြီးသည်။ သို့မဟုတ်ပါက လူနာ အတွက် ရှားပါးလှသည့်နှလုံးကို အလဟဿ လွှင့်ပစ်လိုက်ရသည်နှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် ဂိုသန်ဘာ့တက္ကသိုလ်မှ သု တေသနပညာရှင်များက “သေတ္တာထဲက နှလုံးသား” အမည်ရှိ နည်းပညာကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုနည်းပညာသည် အလှူရှင်၏ နှလုံးကို ကိုးနာရီကြာသည် အထိ ပကတိအတိုင်း ထိန်းသိမ်းထားနိုင် သည်ကိုတွေ့ရသည်။
လက်ရှိအသုံးပြုနေသော ကိုယ်အင်္ဂါ သိမ်းဆည်းပို့ဆောင်မှု နည်းလမ်းမှာ ရေခဲ ဖြည့်ထားသော ရေခဲပုံးများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ ယင်းသို့ပို့ဆောင်မှုက အချိန်တိုအတွင်း ဖြစ်ရမည်ဖြစ်ကာ အခန့်မသင့်ပါက လမ်းခုလတ်တွင်ပင် နှလုံးက ပျက်စီးသွားနိုင်သည်။
ယခုနည်းပညာ အသုံးပြုသေတ္တာတွင် အရည်စုပ်စက်တစ်ခု၊ ပိုက်တစ်ချောင်း၊ ရေကန်ငယ်တစ်ခုတို့ ပါဝင်ပြီး ထိုကန်ငယ် ရှိအရည်တစ်မျိုးကို လှည့်ပတ်နေစေခြင်း အားဖြင့် နှလုံးကိုအောက်ဆီဂျင် ရရှိစေကာ အချိန်ကြာကြာ အထားခံနိုင်စေခြင်းဖြစ် သည်။