ဥရောပကော်မရှင်က တရုတ်နိုင်ငံထုတ် EV များအပေါ် သွင်းကုန်အခွန် တိုးမြှင့်မှုကို ပြန်လည်စဉ်းစား သုံးသပ်မှုပြုလုပ်
ဥရောပကော်မရှင်က တရုတ်နိုင်ငံ၌ ထုတ်လုပ်သည့် EV ကားများ တင်သွင်းမှု အပေါ် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံမှုကို ပြန်လည်စဉ်းစား သုံးသပ်မှုပြုလုပ်ကြောင်း သိရသည်။
ယခင်က BYD ကုမ္ပဏီမှ ကားများ တင်သွင်းရာတွင် သွင်းကုန်အခွန် ၁၇ ဒသမ ၄ ရာခိုင်နှုန်းမှ ယခုအခါ ၁၇ ရာခိုင်နှုန်း၊ Geely က ၂၀ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်း၊ SAIC က ၃၈ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၆ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်သည်။
သို့သော် တက်စလာကုမ္ပဏီ၏ တရုတ် နိုင်ငံထုတ်ကားများမှာမူ မူလစီစဉ်ထား သည့် သွင်းကုန်အခွန် ၂၀ ဒသမ ၈ ရာခိုင် နှုန်းမှ ယခုအခါ ၉ ရာခိုင်နှုန်းအထိ ကျဆင်း သွားသည်ကို တွေ့ရသည်။
အဆိုပါပမာဏသည် အခြားသောကားများနှင့် နှိုင်းယှဉ်ပါကသွင်းကုန်အခွန်ပမာဏ အလွန်ကွာဟနေသည်။ တက်စလာသည် ဥရောပကော်မရှင်က ချမှတ်လိုက်သည့် သွင်းကုန်အခွန်များနှင့် ပတ်သက်၍ ပြန်လည်စစ်ဆေး သုံးသပ်မှုများ လုပ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယခုလိုသွင်းကုန်အခွန် သတ်မှတ်ပမာဏ ကျဆင်းရခြင်းဖြစ်သည်။
ယခုသတ်မှတ်လိုက်သည့် သွင်းကုန် အခွန်ကောက်ခံမှုကို အောက်တိုဘာလ ၃၁ ရက်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုရမှသာ အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။