ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း   မေ  ၈

နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၃၂ ဦး  စုစုပေါင်း ၁၀၇ ဦးအား ယနေ့မွန်းတည့်ပိုင်းတွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည် ဝင်ရောက်လာသူ များအား တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ   မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက်  အကြောင်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များမှာကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု သံသယရှိသူများ ပါဝင်လာခြင်းရှိ၊ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း  ရှိ၊ မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ၊ မရှိစစ်ဆေးလက်ခံခဲ့သည်။   

အဆိုပါပြန်လည် ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး မိမိတို့နေရပ်ဒေသ အသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)