ပါရီမသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားသမား တပ်ကြပ်ကြီးစိုးပေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိ
ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား တပ်ကြပ်ကြီး စိုးပေသည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၈ ရက်ထိကျင်းပမည့် ကမ္ဘာ့မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တပ်ကြပ်ကြီးစိုးပေ သည် အမျိုးသားမီတာ ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲတို့တွင် ဆေးအဆင့်(T64)(ဒူးအောက်တစ်ဖက်)ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ တပ်ကြပ်ကြီးစိုးပေအနေဖြင့် (၁၁)ကြိမ် မြောက်နှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် မီတာ ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲမှ ရွှေတံဆိပ်သုံးခု နှင့် ငွေတံဆိပ်တစ်ခု၊ မီတာ ၄၀၀ ပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခု၊ မီတာ ၁၀၀ _ ၄ နှင့် ၄၀၀ _ ၄ လက်ဆင့်ကမ်းပြိုင်ပွဲမှ ကြေး တံဆိပ်နှစ်ခုတို့ရရှိထားပြီး တရုတ်နိုင်ငံ၌ (၃)ကြိမ်မြောက်ကျင်းပသည့် အာရှမသန်စွမ်း အားကစားပြိုင်ပွဲမှ မီတာ ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲတို့တွင် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူး ရရှိထားသော အားကစားသမားတစ်ဦးဖြစ် သည်။
မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်၏ ပြေးခုန်ပစ်အသင်းအနေဖြင့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၁၀ ခုနှင့်(၃)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခုတို့ ရရှိခဲ့ပြီး အောင်မြင်မှုများရရှိ သော အသင်းဖြစ်သည့် အားလျော်စွာ ယခုအခါ ပြင်သစ်နိုင်ငံ ပါရီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲသို့ အုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦးနှင့်အတူ သွားရောက်ယှဉ်ပြိုင် နိုင်ရန် အပြင်းအထန် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။