မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်မည်

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်မည်

ရန်ကုန်  မေ  ၁၇

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များကို မေလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ   ပွဲစဉ်(၂)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက နှစ်ပွဲအနိုင်ရရှိခဲ့ကာ ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေပြီး ဧရာဝတီအသင်း တစ်ပွဲနိုင် တစ်ပွဲသရေရမှတ် လေးမှတ်ဖြင့် အဆင့်(၂)၊ ISPE အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် လေးမှတ်ဖြင့် အဆင့်(၃)၊ မြဝတီအသင်းက တစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ်သုံးမှတ်ဖြင့် အဆင့်(၄)၊   ရှမ်းယူနိုက်တက်အသင်းက  တစ်ပွဲသာကစားထားပြီး တစ်ပွဲရှုံးဖြင့်  အဆင့်(၅)၊ YREO အသင်းကလည်း တစ်ပွဲသာကစားထားပြီး တစ်ပွဲရှုံးဖြင့်  အဆင့်(၆)၊ သစ္စာအားမာန်အသင်းက  နှစ်ပွဲကစားထားပြီး   နှစ်ပွဲလုံးရှုံးနိမ့်ခဲ့ကာ အဆင့်(၇)နေရာတွင် ရပ်တည်လျက်ရှိနေသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် မေလ ၁၈ ရက် ညနေ ၄ နာရီ စလင်းအားကစားကွင်း၌    ရှမ်းယူနိုက်တက်အသင်းနှင့့် YREO အသင်း၊ ညနေ ၄နာရီ YUSC အားကစားကွင်း၌    ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE  အသင်း၊ မေလ ၁၉ ရက် ညနေ ၄ နာရီတွင် စလင်းအားကစားကွင်း၌ မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားသွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်    မြဝတီအသင်းမှ ရူပါခိုင်က သွင်းဂိုး သုံးဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။      

                      စည်သူအောင်