ဧရာဝတီဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

 

ဧရာဝတီဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

ရန်ကုန်  ဩဂုတ်  ၂၂

မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်သို့ အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့      ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ    မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် (Gold Camp )၌  ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊  ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက်      နည်းပြများ တက်ရောက်ကြသည်။

ယင်းအခမ်းအနားတွင်     ဧရာဝတီဖောင်ဒေးရှင်းမှ     တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းအကြောင်း  ရှင်းလင်းပြောကြားပြီး  အလှူငွေ သိန်း ၅၀ နှင့်  ဆန် ၁၂  ပြည်အိတ် ၂၀၀ အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက   လက်ခံရယူပြီး     ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အလှူငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားမစတင်မီ ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့   ဝင်ရောက်ယှဉ်ပြိုင်ရန်      လေ့ကျင့်လျက်ရှိသည့် ထိုင်လျက်ဘော်လီဘောအသင်းအား ကြည့်ရှုအားပေးခဲ့သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သည် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဘော်လီဘော၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ သေနတ်ပစ်၊ ဘောလုံး၊ လှေလှော်၊ အလေးမ၊ စားပွဲတင်တင်းနစ်၊     တိုက်ကွမ်ဒိုနှင့် ဂိုးလ်ဘောအားကစားနည်းများ  ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း     သိရသည်။

ဝန်းရံခ