မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေး
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၂၃
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစ မှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံဆေးတပ်ရင်း၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များနှင့် မိသားစုဝင်များ၊ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ/ ဆေးမှူးများနှင့် သူနာပြုများ တက်ရောက်ကြသည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစ မှ အသက် ၁ နှစ် ၆ လထိ ကလေးငယ် ၁၀၉ ဦးတို့အား ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်(A)များကို ထိုးနှံ တိုက်ကျွေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အမှတ်တရ လက်ဆောင် ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။