ချောင်းဦးမြို့နယ်ရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ချောင်းဦးမြို့နယ်ရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ် - ၂၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက သတ်ဖြတ်ခဲ့ပြီး ချောင်းဦး-ပခုက္ကူသွား လမ်းခွဲတစ်နေရာ၌ ခြေလက်များ ကြိုးတုပ်ထားသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို စွန့်ပစ်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါမြို့နယ်များအတွင်းဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကို အားပေးထောက်ခံမှု မရှိသူများအား ဒလန်ဟုစွပ်စွဲ၍ ရက်စက် ယုတ်မာစွာ ဖမ်းဆီးညှင်းပန်း နှိပ်စက်သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ် တွင်လည်း အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲစေရန်အတွက် အထောက်အထားမရှိသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။