ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများအား ဒုတိယဝန်ကြီးဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများအား ဒုတိယဝန်ကြီးဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

ရန်ကုန်  မေ  ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့် အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ မင်္ဂလာရိပ်သာအိမ်ရာစီမံကိန်း ရှင်းလင်း ဆောင်သို့ ရောက်ရှိပြီး တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အိမ်ရာစီမံကိန်းများကို သတ်မှတ်ကာလအတွင်း   အမြန်ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံပိုင်မြေပေါ်တွင်   နိုင်ငံတော် ကိုယ်စားစီမံခန့်ခွဲခြင်းဖြစ်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်း ဧရိယာအတွင်း ကျုးကျော်များ ဝင်ရောက်မှုမရှိစေရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့်    စီမံကိန်းများတွင် အကျိုးအမြတ်ခွဲဝေရာ၌ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အချိုးအတိုင်း အပြည့်အဝ ရရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်မှာကြားပြီး အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ ၁၆ ခန်းတွဲ ၁၂ ထပ်  ခေမာသီအိမ်ရာ စီမံကိန်းနှင့်ရန်ကင်းမြို့နယ်ရှိ Yankin Mixed Use အဆင့်မြင့်အိမ်ရာ စီမံကိန်းများ ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code-2024) အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ   မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ   စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက Myanmar National Building Code-2020 နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၂၀ တို့ကို လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက်၍ Myanmar National Building Code-2024 နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၂၄ အနေဖြင့် ထုတ်ဝေနိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ရေး ဦးစီးကော်မတီနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ် ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီနှင့်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်သော Cement, Deformed Bar, Bitumen တို့၏ MMS စံချိန်စံညွှန်းများအား ထည့်သွင်း ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အာဆီယံတွင် ဆွေးနွေးနေဆဲဖြစ်သော Harmonized Standards များအား ထည့်သွင်းနိုင်ရေး ကြိုတင်လေ့လာဆွေးနွေးသွားရန် လိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေး ညှိနှိုင်းပြီး Myanmar  National  Building Code - 2024 အချိန်မီထွက်ရှိရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါရန်နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်မြမြဝင်းက (Myanmar  National  Building Code) သမိုင်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေး နှင့် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေး တင်ပြကြရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။           

(သတင်းစဉ်)