၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ စာတတ်မြောက်ရေး စာသင်ဝိုင်းများ လှည့်လည်ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ စာတတ်မြောက်ရေး စာသင်ဝိုင်းများ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မေ ၉

၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာ ကော်မတီနာယက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ  နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက  နေပြည် တော်ကောင်စီဥက္ကဋ္ဌက နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်ရေး အတွက် အခြေခံကျသော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ပြုစုပျိုး ထောင်ပေးနိုင်ခြင်း၊ နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစား ပြုလုပ်ခြင်း ဖြင့် ကျန်းမာသန်စွမ်းသောမျိုးဆက် သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာခြင်း၊ အခြေခံမှ သည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေ မည်ဖြစ်ကြောင်း၊ အားကစားနှင့် ပညာရေးအချိုးညီစွာ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား လူငယ်များ အားကစားလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေပြီး ဗလငါးတန်ဖွံ့ဖြိုးမှုတို့ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အားလုံး မိမိကိုယ်ကို ယုံကြည်သည့်စိတ်၊ ခိုင်မာသည့် စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင် အောင် ကြိုးစားကြစေလိုကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများမှတစ်ဆင့် နေပြည်တော်၏ ဂုဏ်၊ နိုင်ငံ့၏ ဂုဏ်ကိုဆောင်နိုင်သည့်  အားကစားသမားကောင်းများ ဖြစ်လာအောင်  စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက နွေရာသီအဆင့်မြင့် မြားပစ်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ လက်ရည်စစ်ပြိုင်ပွဲပြုလုပ်မှုကို ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြ ဆရာများ၊ မြားပစ်လက်ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆု များနှင့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဧပြီလ ၂၅ ရက်မှ မေလ ၉ ရက်အထိ အားကစားနည်း(၁၁)နည်းကို သင်တန်းသား၊ သင်တန်းသူ ၈၉၀ တို့ကို သင်တန်း ကာလ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက် သုတမင်္ဂလာစာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထား ရှိမှု အခြေအနေ များကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက် ကော်မတီဝင်များနှင့်တွေ့ဆုံ၍  စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့် အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံ စေရေး၊ စာအုပ်များစနစ်တကျထားရှိရေး၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက် ရေးကို ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက  သုတမင်္ဂလာစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ရန်အောင်မြင် ကျေးရွာရှိ မြတ်ဆုမွန် စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင် များကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့ နာယက၊ တာဝန်ရှိသူများနှင့်အတူ ရန်အောင်မြင်ကျေးရွာအုပ်စု တပ်ပိုးကျေးရွာ အခြေခံစာတတ်မြောက်ရေး စာဖတ်ဝိုင်း နှင့် လယ်ဝေးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အင်တိုင်းသာအခြေခံပညာမူလတန်းကျောင်း အခြေခံစာတတ်မြောက်ရေး စာဖတ်ဝိုင်း အမှတ်(၆)သို့သွားရောက်၍ စာသင်သားများကို အခြေခံ မြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စား သောက် ဖွယ်ရာများနှင့်  စာအုပ်စာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)