NASA က လပေါ်လေ့လာရေးအတွက် စွမ်းအားမြင့်ဒုံးစက်အငယ်စားကိုစမ်းသပ်
NASA မှသိပ္ပံပညာရှင်များသည် လပေါ် လေ့လာရေးအတွက် များစွာအထောက်အကူဖြစ်စေမည့် စွမ်းအားမြင့်ဒုံးစက် အငယ်စားကို တီထွင်စမ်းသပ်လိုက်ပြီဖြစ်သည်။
ထိုဒုံးစက်အငယ်စားသည် ထိရောက်မှု အရှိဆုံးသော တွန်းကန်အားကိုရရှိစေရေး အတွက် အိုင်းယွန်းအသွင်ပြောင်း ဇီနွန်ဒြပ်စင်ကို အသုံးပြုထားခြင်းဖြစ်ပြီး NASA ကအကောင်အထည်ဖော်နေသည့် လပေါ်တွင် လူသားများနေထိုင်လေ့လာရေးအစီ အစဉ်အတွက် အဓိကအခန်းကဏ္ဍမှပါဝင် လာမည်ဖြစ်သည်။
ထိုဒုံးစက်အငယ်စားကို Hall Thruster ဟုအမည်ပေးထားပြီး ၎င်း၏စွမ်းအားပမာဏမှာ ၁၂ ကီလိုဝပ်ရှိသည်။ အိုင်းယွန်း အသွင်ပြောင်းဇီနွန်ဓာတ်ငွေ့ပုံမှန်စီးဆင်းမှုကို ပင်မစွမ်းအင်အရင်းအမြစ်အဖြစ် သုံးထားသည်။
ထို့ပြင် စွမ်းအင်ပမာဏအနည်းငယ်ကို သာသုံးရုံမျှဖြင့် မြင့်မားသောစွမ်းဆောင် ရည်ကိုရရှိနိုင်သည့် အဆိုပါဒုံးစက်အငယ်စားက လပေါ်လေ့လာရေးအတွက်သာမက နက်ရှိုင်းသောအာကာသထဲတွင်လေ့လာရေးအတွက်ပါ အလွန်အသုံးဝင်သော အရာဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆထားသည်။
Ref: STD