အရှေ့တောင်အာရှဒေသက EV ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာမည်
အရှေ့တောင်အာရှဒေသသည် လျှပ်စစ် ကား(EV)များထုတ်လုပ်မှုလုပ်ငန်းအတွက် ဗဟိုချက်နေရာ ဖြစ်လာမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်တွင်ထုတ်ပြန်သော BloombergNEF ၏နှစ်ပတ်လည်အစီရင် ခံစာတွင်ဖော်ပြထားသည်။
အထူးသဖြင့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင် နိုင်ငံတို့၌ EV ကားဝယ်လိုအားနှင့် ထုတ် လုပ်မှုကဏ္ဍမြင့်မားလာနိုင်ကြောင်း အစီ ရင်ခံစာတွင်ရေးသားထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း အရှေ့တောင် အာရှဒေသ၌ ခရီးသည်တင် EV ကားများရောင်းချမှုသည် အစီးရေ တစ်သိန်းခွဲကျော်ဖြင့် သုံးဆကျော်မြင့်မားလာကြောင်း၊ ၎င်းတို့အနက် ထိုင်းနိုင်ငံ၌ ရောင်းချရမှုက အစီးရေ ၈၀၀၀၀ ကျော် ဖြင့် ပထမနေရာတွင်ရှိကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် ၂၀၄၀ ပြည့်နှစ်အရောက်တွင် ခရီးသည်တင် EV ကားများရောင်းချရမှု သည် အစီးရေ ၂ ဒသမ ၇ သန်းနီးပါးအထိ ရောက်ရှိလာနိုင်ကြောင်းနှင့် ထိုပမာဏ သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ဆို လျှင် ၅၆ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း BloombergNEF စီးပွားရေးပြောင်းလဲမှု အလားအလာအစီရင်ခံစာတွင် ဖော်ပြ ထားသည်ဟုသိရသည်။
Ref: NT