စွယ်တော်မြတ်စေတီတော်(မန္တလေး) ဘက်စုံပြုပြင်မွန်းမံရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက အလှူငွေများ ထည့်ဝင်လှူဒါန်း
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်-၂၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာ အနီးရှိ မဟာဓမ္မရံသီ ကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော် (မန္တလေး) ဘက်စုံပြုပြင်မွန်းမံရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေများ ထည့်ဝင်လှူဒါန်းသည်။
ထိုသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ထည့်ဝင်လှူဒါန်းသည့် အလှူငွေကျပ် သိန်းတစ်ထောင်ကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်က သွားရောက်ပေးအပ်လှူဒါန်းရာ စေတီတော်ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
.