ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၄ မေ ၂၀
၂၀၂၄ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ)ကိုယ်စား လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် ဝင်းမောင်သိန်းနှင့် တပ်မတော်(လေ)မှ အရာရှိ/စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်ဖြစ်သည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်အသင်းနှင့် နေပြည်တော်လေတပ်စခန်း အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း(၁၅)သင်းနှင့် အမျိုးသမီး အသင်း(၁၂)သင်းတို့ဖြင့် မေလ ၃၁ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။