ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသောတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မဟုတ်မမှန် သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိ

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသောတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မဟုတ်မမှန် သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိ

နေပြည်တော်၊ မေ ၂၀

နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေစကြိုမြို့ နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်း အမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ မေလ ၁၇ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်းရှိ  ဇီးတော၊ ကျောက်ထပ်၊ သဲတောစသည့် ကျေးရွာဝန်းကျင်သို့ PDF အမည်ခံအကြမ်းဖက် သမားအချို့ ရောက်ရှိခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိ ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများမှ လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာရှိ လူနေအိမ်အချို့ မီးလောင်ကျွမ်းခဲ့  ရကြောင်းသိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လက်လုပ်သေနတ်အချို့နှင့် လက်နက် ခဲယမ်းဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များနှင့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံ ပြည်သူများ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဂုဏ်သိက္ခာကျဆင်းစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများအား လုပ်ကြံရေးသား၍ လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့် ဖော်ပြနေခြင်းများသာဖြစ်ကြောင်း သတင်းရရှိသည်။