အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၄ မေ - ၂၁
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့ များ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ကျောင်းသား/ ကျောင်းသူများ၏ (၃၈)ဖြာ မင်္ဂလာတရားတော်များနှင့် ကဗျာများသီဆို သရုပ်ပြသမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင်ဆုရရှိသော သင်တန်းသား/ သင်တန်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်