KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်
နေပြည်တော်၊ ၂၀၂၄ မေ - ၂၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည် ၂၆၀ ပေ၊ အကျယ် ၃၀ ပေရှိ ထီးစဲခါးတံတားအား KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အနီးကပ် လုံခြုံရေးဆောင်ရွက်ပြီး ဆီဆိုင်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် ၂၀၂၄ မေ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ခဲ့ရာတွင် ယခုအခါတွင် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များ ၁၃ တန်အထိ ဖြတ်သန်းသွား လာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။