AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်ပြီး ရန်ကုန်မြို့ MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီတွင် Let Wel Youthအသင်းနှင့် TG United အသင်းတို့ကစားခဲ့ရာ TG United အသင်းက ၁၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် RPG FC အသင်းနှင့် Futsal 19 FC အသင်းတို့ကစားခဲ့ရာFutsal 19 FC အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် Yankin Brotherhood အသင်းနှင့် KKY FC အသင်း တို့ကစားခဲ့ရာ KKY FCအသင်းက ၅ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
အလားတူ မွန်းလွဲ ၁နာရီခွဲတွင် 7 Brother FCအသင်းနှင့် Winner Soccer အသင်းတို့ ကစားခဲ့ရာ ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ညနေ ၃ နာရီတွင် Taw Win Nan FC အသင်းနှင့် Shwe Pyi Thar United အသင်းတို့ကစားခဲ့ရာ Shwe Pyi Thar United အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ညနေ ၄ နာရီခွဲတွင် UPK FC အသင်းနှင့် MIU FC အသင်းတို့ ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ်လ ၂၈ ရက်(ယနေ့)နံနက် ၉နာရီတွင် Power HBI အသင်းနှင့် Pacific Sun Far အသင်း၊ နံနက် ၁၀နာရီခွဲတွင် Naka United အသင်းနှင့် VUC FC အသင်း၊ မွန်းတည့် ၁၂ နာရီတွင် Jullniss FC အသင်းနှင့် Let Wel Thone Nara အသင်း၊ မွန်းလွဲ ၁နာရီခွဲတွင် YCDC Marga FC အသင်းနှင့် M2K FC အသင်း၊ ညနေ ၃ နာရီတွင် Bushido Team အသင်းနှင့် M-Millions FC အသင်း၊ ညနေ ၄ နာရီခွဲတွင် Seven FC အသင်းနှင့် Futsal Chit Thu အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်