ရုရှားကယူကရိန်းကို ဒုတိယမြောက်နေ့အဖြစ် ဒုံးကျည်များဖြင့်တိုက်ခိုက်
ရုရှားက ယူကရိန်းကို ဒုတိယမြောက် နေ့အဖြစ် ဩဂုတ်လ ၂၇ ရက်ညပိုင်းတွင် ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ကြောင်း ယူကရိန်းလေတပ်က ထုတ်ပြန်ထားသည်။
ရုရှားက တိုက်ခိုက်ရေးဒရုန်း ၈၁ စင်း၊ အမြင့်ပျံ၊ အနိမ့်ပျံဒုံးကျည် ၁၀ စင်းတို့ဖြင့် တိုက်ခိုက်လာခြင်းဖြစ်ပြီး ယူကရိန်းလေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒေသ ၁၆ ခုတွင် ဒရုန်းအစင်း ၆၀ နှင့် အနိမ့်ပျံ ဒုံးကျည်ငါးစင်းတို့ကို ပစ်ချလိုက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။
ရုရှား၏ ဒုတိယမြောက်နေ့ တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှုများ ရှိသည်ဟု သက်ဆိုင်ရာ ဒေသများမှ တာဝန်ရှိသူ များကပြောသည်။
ရုရှားတပ်မတော်သည် ဩဂုတ်လ ၂၆ ရက်တွင် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားမှု ကာလတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ယူကရိန်းနိုင်ငံ အတွင်းသို့ ဒုံးကျည် ၁၂၇ စင်း၊ တိုက်ခိုက်ရေးဒရုန်း ၁၀၉ စင်းတို့ဖြင့် တိုက်ခိုက်မှုများလုပ်ရာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများစွာ ပျက်စီးဆုံးရှုံးကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: Xinhua