အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များသုံး၍ ဆန္ဒပြမှုကိုဖြိုခွင်း
အိန္ဒိယနိုင်ငံ ကိုးကတ္တားမြို့၌ ရဲတပ်ဖွဲ့ နှင့်ဆန္ဒပြသူများကြား ပဋိပက္ခများ ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များအသုံးပြု၍ ဆန္ဒပြမှုကို ဖြိုခွဲလိုက်ကြောင်း သိရသည်။
ဆန္ဒပြသူများသည် ဩဂုတ်လ ၂၇ ရက်တွင် ကိုးကတ္တားမြို့ရှိ အစိုးရအဆောက်အအုံတစ်ခုဆီ ချီတက်ကာ အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြမှုများ လုပ်ဆောင်သည်။
ထို့နောက် ရဲတပ်ဖွဲ့ကဆန္ဒပြသူများကို တုတ်များဖြင့်စတင်ရိုက်နှက်သောကြောင့် ရဲတပ်ဖွဲ့နှင့်ဆန္ဒပြ အဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲ၌ ပါဝင်သူတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ကမူ ပဋိပက္ခများ လုပ်ဆောင်သည့် ဆန္ဒပြသူ အနည်းဆုံးအယောက် ၁၀၀ ကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ထားသည်။
ဆန္ဒပြသူများသည် အမျိုးသမီးဆရာ ဝန်တစ်ဦး အဓမ္မပြုကျင့်ခံရကာ ရက်ရက် စက်စက်အသတ်ခံရမှုအပေါ် တရားမျှတမှုနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးရှိစေရန် တောင်းဆိုခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါဆန္ဒပြမှုများက နိုင်ငံရေးနှင့် ဆက်နွှယ်လာသည်။
အဓိကအားဖြင့် ရဲတပ်ဖွဲ့သည် BJP ပါတီမှ ဆန္ဒပြသူများကို လက်ထိပ်ခတ်ဖမ်းဆီးခြင်းကြောင့် ဆန္ဒပြမှုမှသည် ဆူပူမှုအထိ ဖြစ်လာရခြင်း ဖြစ်သည်။
BJP ပါတီသည် ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီ၏ပါတီဖြစ်သော်လည်း အနောက်ဘန်ဂေါပြည်နယ်တွင်မူ အတိုက်အခံပါတီ အဖြစ်ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီး၏ အစိုးရအဖွဲ့သည် အမျိုးသမီးများကို ပြစ်မှုများ ကျူးလွန်စေရန် အားပေးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေကြောင်း ဆန္ဒပြသူများက စွပ်စွဲထားသည် ဟု သိရသည်။
Ref: RTA