သေးငယ်သော စိတ်ဖတ်သူချစ်ပြားလေးက အတွေးများကို စာသားအဖြစ် ပြောင်းပေးနိုင်

သေးငယ်သော စိတ်ဖတ်သူချစ်ပြားလေးက အတွေးများကို စာသားအဖြစ် ပြောင်းပေးနိုင်

ဦးနှောက်နှင့်စက်ကိရိယာတို့ကြားတွင် ကြားခံကိရိယာတစ်ခုအဖြစ် ဆောင်ရွက်ပေးမည့် သေးငယ်သော ချစ်ပြားလေးက အတွေးများကို စာသားအဖြစ် ၉၁ ရာခိုင်နှုန်း တိကျစွာပြောင်းပေးနိုင်ကြောင်း သိရသည်။

ထိုချစ်ပြားကို ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များက ဖန်တီးလိုက်ခြင်းဖြစ်ပြီး ချစ်ပြား ကဦးနှောက်အတွင်း ရှုပ်ထွေးသော အချက်ပြမှုများကို   ဖတ်ရှုနိုင်သော စာသားများအဖြစ်သို့ ပြောင်းပေးနိုင်စွမ်းရှိသည်။

ချစ်ပြားမှာ  ၈ မီလီမီတာသာရှိပြီး ဦးနှောက်အတွင်းနာကျင်မှု အနည်းဆုံးဖြင့် ထည့်သွင်းနိုင်သောကြောင့်   လက်တွေ့စမ်းသပ်မှုတွင်သာမက မြေပြင်တွင်လည်း အလုပ်ဖြစ်စေမည်ဖြစ်သည်။       

 Ref: IE

K.H