အတ္တလန္တာမြို့၌ ရာဇဝတ်မှုများကို စောင့်ကြည့်ရန် စက်ရုပ်များဖြင့်ကင်းလှည့်

အတ္တလန္တာမြို့၌ ရာဇဝတ်မှုများကို စောင့်ကြည့်ရန် စက်ရုပ်များဖြင့်ကင်းလှည့်

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ်ရှိ အတ္တလန္တာမြို့၌ ရာဇဝတ်မှုများကိုစောင့်ကြည့်ရန် စက်ရုပ်များဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်။

အဓိကအားဖြင့်   အမှတ်(၄)ရပ်ကွက် ဟောင်း၌  ရာဇဝတ်မှုများပိုမိုဖြစ်ပွားလေ့ ရှိသောကြောင့် ထိုနေရာ၌ စက်ရုပ်များကို အသုံးပြု၍ ကင်းလှည့်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါကင်းလှည့်စက်ရုပ်သည် ပြင်ပမှလူ၏ထိန်းချုပ်မှု မလိုအပ်ဘဲ အခြေအနေ မူမမှန်မှုများကို စောင့်ကြည့်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ထံသို့ သတင်းပို့ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

ယင်းကဲ့သို့ စက်ရုပ်များဖြင့်ကင်းလှည့် ခြင်းကြောင့် ပုဂ္ဂိုလ်ရေးအချက်အလက် များပေါက်ကြားမည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစက်ရုပ်များသည် စောင့်ကြည့်ကင်မရာများကဲ့သို့ အများနှင့်သက်ဆိုင်သော နေရာများတွင်သာ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

 Ref: IE

K.H