လူ့ဦးနှောက်ကလာပ်စည်းများဖြင့် ဖန်တီးထားသည့် ဇီဝကွန်ပျူတာများကို အငှားရယူနိုင်
သိပ္ပံပညာရှင်များအနေဖြင့် လူသားတို့၏ ဦးနှောက်ကလာပ်စည်းများဖြင့် ဖန်တီးထားသော ဇီဝကွန်ပျူတာ များကို တစ်လလျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် အငှားရယူနိုင်ပြီဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံမှ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် FinalSpark က အဆိုပါ ဇီဝကွန်ပျူတာများကိုဖန်တီးပြီး ငှားရမ်းခွင့်ပေးခြင်းဖြစ်သည်။
သိပ္ပံပညာရှင်များက AI ပုံစံများကို လေ့ကျင့်ပေးနိုင်ရေးအတွက် ဇီဝကွန်ပျူ တာများကို အသုံးပြုရသည်။ သို့မှသာ AI များအနေဖြင့် လူသားများတွေးသကဲ့သို့ တွေးတောကာ လုပ်ငန်းတာဝန်များကို အကောင်းဆုံး ဆောင်ရွက်မည်ဖြစ်သည်။
လက်ရှိတွင် FinalSpark ၏နည်းပညာ ကိုငှားရမ်းအသုံးချနိုင်ရေးအတွက် ကမ္ဘာ တစ်ဝန်းရှိ တက္ကသိုလ် ၃၄ ခုကတောင်းဆို ထားသည်။
သို့သော် ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် တက္ကသိုလ်ကိုးခုကိုသာ ထိုဇီဝကွန်ပျူတာများ အသုံးပြုခွင့် ပေးထားကြောင်း၊ ထိုတက္ကသိုလ်များတွင် မီချီဂန်တက္ကသိုလ်၊ ဘာလင်တက္ကသိုလ်နှင့် လန် ကတ်စတာတက္ကသိုလ်တို့ ပါဝင်ကြောင်း တွေ့ရသည်။
Ref: IE
K.H