တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   မေ  ၂၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေလ ၂၀ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော  မော်တော်ယာဉ်(၃)စီးပေါ်မှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာ သည့် UAE နိုင်ငံထုတ် Borouge Polypro-pylene (၂၅)ကီလိုဂရမ်ပါ (၂၃၇)အိတ်၊ Lactasoy ပဲနို့(၃၆၀၀)ဘူး၊ မလေးရှားနိုင်ငံထုတ် Yonde  Base Polypropylene (၂၅)ကီလိုဂရမ်ပါ (၁၈၀)အိတ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၃၂၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Yutong Bus (၁)စီး၊ စက်မှုဇုန်ထုတ် Super Mandalar Truck (၁)စီးနှင့် Pyay Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ကုန်သေတ္တာ (၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လယ်ထွန်စက်အင်ဂျင် အပိုပစ္စည်း Packing Transmission (၂၀၀)ခုအပါအဝင် ကုန်ပစ္စည်း(၁၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၈၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် DJI Mavic  Mini  Drone  (၁)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၁၁၂၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၀ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် မီးသွေးအိတ် (၂၃၆၄)အိတ်၊ တရုတ်နိုင်ငံထွက် စားတော်ပဲအိတ် (၇၅၀)အိတ်၊ ပဲကြီးအိတ် (၆၈၀)အိတ်၊ နေကြာစေ့ (၁၁၀၀)အိတ်နှင့် Wipes Tissue (၂၁၀၀၀၀)ထုပ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၈၃၆၅၇၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရေတွင်း ကုန်းကျေးရွာ၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၆၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၈၈၀၀)ကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သခင်ဖိုးလှကြီးလမ်း၊ ၁၄/၁ စီမံကိန်းရပ်ကွက်ရှိ သစ်ခွဲသား (အဟောင်း) ရောင်းဝယ်ရေးဆိုင်၌ တရားမဝင် အခြားသစ်(သုည ဒသမ ၉၂၇)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၂၆၀၇၂) ကို လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံ(၂)နယ်မြေ၊ အကွက်အမှတ်(၂၁)အနီး၌   တရားမဝင်အခြားသစ်(၂ ဒသမ ၈၇၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၁၂၃) ကိုလည်းကောင်း၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၇၉၉၅)ကို  ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့အဝင်၊ ကလိစစ်ဆေးရေးဂိတ်၌ ဘုရားကြီးမြို့မှ  ပဲခူးမြို့သို့မောင်းနှင်လာသည့်  မော်တော်ယာဉ်(၂)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Chaokoh Coconut  Cream  ပုလင်း  (၂၄၀)နှင့်  ပုစွန်နှစ်ကောင်စားအုန်းဆီ (၁)လီတာပါ ဘူး (၁၂၀၀)  အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၆၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Daihatsu Hijet (၁)စီးနှင့် Mitsubishi Canter (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၀၅၆၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်   လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၂၀ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၌ တရား မဝင်ကျွန်းသစ် (၂ ဒသမ ၈၇၉)တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေလ ၂၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၈၄၂၇၉၉၉၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)