လေဆာပဲ့ထိန်းဒုံးများပါသည့် ဒရုန်းဖျက်စနစ် အမေရိကန်ကြည်းတပ်လက်ခံရရှိ

လေဆာပဲ့ထိန်းဒုံးများပါသည့် ဒရုန်းဖျက်စနစ် အမေရိကန်ကြည်းတပ်လက်ခံရရှိ

အမေရိကန်ကြည်းတပ်က အီလက်ထရွန်နစ် အဆင့်မြင့်မြေပြင်ပစ်ခတ်မှုစနစ် (EAGLS) အမျိုးအစား ဒရုန်းဖျက်စနစ်များကို လက်ခံရရှိလိုက်ပြီ ဖြစ်သည်။

ထိုစနစ်၏ အဓိကအားသာချက်မှာ ၇၀ မီလီမီတာရှိ လေဆာပဲ့ထိန်းဒုံးများပါရှိခြင်း ဖြစ်ပြီး အဆိုပါဒုံးများက ရန်သူ့ဒရုန်းများကို ဘေးကင်းသော အကွာအဝေးအတွင်း ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထို့ပြင် အဆိုပါစနစ်တွင် အဝေးထိန်း လက်နက်စနစ်၊ အနီအောက်ရောင်ခြည် သုံးကင်မရာများပါသည့် အာရုံခံဆုံလည် နှင့် အသေးစားရေဒါတစ်ခုတို့ပါဝင်သည်။

ထို့ပြင် အဆိုပါစနစ်ကို အခြားသော လက်နက်စနစ်များဖြင့်လည်း အစားထိုး နိုင်မည်ဖြစ်သကဲ့သို့ ရွေ့လျား သို့မဟုတ် အခြေချပစ်ခတ်စနစ်ကဲ့သို့လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

အမေရိကန်ကြည်းတပ်၏ ရေတပ်ဆိုင်ရာဝေဟင်စနစ်များ ကွပ်ကဲမှုဌာနချုပ်က ဒေါ်လာ ၂၄ ဒသမ ၁ သန်းဖြင့် အဆိုပါစနစ် ခြောက်ခုကို ဧပြီလတွင်မှာ ယူခဲ့ခြင်းဖြစ်ပြီး ထိုစနစ်များကို အရှေ့အလယ်ပိုင်းဒေသ၌ အသုံးပြုသွားမည် ဖြစ်သည်။

Ref: IE

K.H