မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များ အပြီးတွင် ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့
ရန်ကုန် ဩဂုတ် ၃၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင် နယ်လိဂ် ယူ-၂၀ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များ အားလုံးပြီးဆုံးသွားချိန်တွင် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက် ယူ-၂၀အသင်းက ၁၂ ပွဲ ကစားခဲ့ရာတွင် ကိုးပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံးရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ရှမ်းယူနိုက်တက် ယူ-၂၀အသင်းနောက်တွင် Junior Lions အသင်းက ရှစ်ပွဲနိုင် သုံးပွဲသရေ တစ်ပွဲရှုံး ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၂)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
စည်သူအောင်