ဟွားဝေက နည်းပညာမြင့်ဇိမ်ခံလျှပ်စစ်ဆီဒင်ကားကို ထုတ်ဖော်ပြသ
ဟွားဝေကုမ္ပဏီက နည်းပညာမြင့်ဇိမ်ခံ လျှပ်စစ်ဆီဒင်ကားကို ထုတ်ဖော်ပြသခြင်းအားဖြင့် ဇိမ်ခံလျှပ်စစ်ကား ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်သည်။
ယခုထုတ်ဖော်ပြသလိုက်သည့်ကားမှာ Stelato S9 ဖြစ်ပြီး ပေကျင်းမြို့အခြေစိုက် BAIC ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ကြီးထွားလာသော လျှပ်စစ်ကားဈေးကွက်တွင်ဝင်တိုး နိုင်ရေး အဓိကရည်မှန်းထားသည်။
၎င်းကို Max နှင့် Ultra ဟူ၍ မော်ဒယ်ခွဲထားပြီး ဈေးနှုန်းမှာမူ Max အတွက်ဆိုလျှင် ယွမ် ၃၉၉၈၀၀ မှစတင်ကာ Ultra အတွက်ဆိုပါက ယွမ် ၄၄၉၈၀၀ မှစတင်မည်ဖြစ်သည်။
အဆိုပါ မော်ဒယ်နှစ်မျိုးစလုံးတွင် စွမ်းဆောင်ရည်မြင့် ၁၀၀ ကီလိုဝပ်နာရီ ဘက် ထရီကိုတပ်ဆင် ပေးထား သောကြောင့် Max ဆိုလျှင် ခရီးအကွာအဝေး ၈၁၆ ကီလိုမီတာနှင့် Ultra အတွက်ဆိုလျှင် ၇၂၁ ကီလိုမီတာ သွားနိုင်မည်ဖြစ်သည်။
အသုံးပြုထားသည့်နည်းပညာမှာ ADS 3.0 နှင့် CAS 3.0 တို့ဖြစ်သည်။ ထိုစနစ်များ မှာ ယာဉ်မောင်းအကူစနစ်နှင့် ယာဉ်တိုက်မှု ရှောင်ရှားရေးစနစ်များ ဖြစ်သည်။ ထို့ပြင် ယာဉ်တစ်စီးလုံးကို အသံဖြင့်ထိန်းချုပ်နိုင် သည့်စနစ်လည်း ပါဝင်သည်။ ဂွေဆိုက်များ ကိုလည်း ၂၀ လက်မနှင့် ၂၁ လက်မဟူ၍ အသုံးပြုပေးထားသည်။
Ref: ArenaEV
K.H