သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ အပန်းဖြေနိုင်မည့် ရေပေါ်ဟိုတယ် အိုအေစစ်ဖွင့်လှစ်
ရန်ကုန် စက်တင်ဘာ ၁
ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ အပန်းဖြေနိုင်မည့် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေပေါ်သင်္ဘော ဟိုတယ်အိုအေစစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ် ဝါးတန်းအမှတ်(၆) ဆိပ်ခံတံတား၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် အန္တရာယ်ကင်းပရိတ် တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ဦးကျော်မင်းခင်၊ ဇနီးဒေါ်ဝင်းမာအေး(OASIS)မိသားစုက နန္ဒာအောင်မြေကျောင်း လေးထပ်ကျောင်းဆောင်သစ်အတွက် ငွေကျပ် ၂၅ သိန်းအား နန္ဒာအောင်မြေကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အမှတ်(၆)ဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသော Oasis Floating Hotel ကို ဦးကျော်မင်းခင်၊ ဒေါ်ဝင်းမာအေးမိသားစု၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေအောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ရေပေါ်ဟိုတယ်သင်္ဘောသည် အလျား ၁၈၅ ပေ၊ အနံ ၃၆ ပေရှိပြီး သင်္ဘော၏အောက်ထပ်တွင် အခန်း ၂၀၊ အပေါ်ထပ်တွင် ၁၄ ခန်း စုစုပေါင်း ၃၄ ခန်းပါရှိပြီး Oasis Floating Hotel အနေဖြင့် Beauty Salon၊ Spa & Massage၊ Restaurant နှင့် Bar စသည့် ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကာ ယင်းဇိမ်ခံသင်္ဘောကို ဝါးတန်းအမှတ်(၆)ဆိပ်ခံဗောတံတားတွင် ပုံသေဆိုက်ကပ်ထားပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ
ပြည်နယ်(ပြန်/ဆက်)