အိမ်မဲမြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

အိမ်မဲမြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

အိမ်မဲ  စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာ ရေးဌာန၌   ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ   မွေးကင်းစမှ  အသက်တစ်နှစ်ခွဲအထိ ကလေးများနှင့်  ကိုယ်ဝန် ဆောင်များအား     ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို စက်တင်ဘာ လ   ၂  ရက်တွင်  ဆက်လက်ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများကို  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေး ဆိုင်ရာအကြောင်း အရာများကို အကျယ်တဝင့်ဟောပြောပြီး မွေးကင်းစမှ အသက်တစ်နှစ်ခွဲကလေးများ အား  ဗီတာမင် ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ ငါးမျိုးစပ်ကာကွယ်ဆေး       (ဆုံဆို့နာ၊ ကြက်ညှာ၊    မေးခိုင်၊    အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်  (ပီစီဗီ)   စသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး ခြင်းနှင့်     ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ     ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  လစဉ်  ၁  ရက်နှင့်  ၂   ရက်တို့ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။         

 ချစ်သက်လယ်(ပြန်/ဆက်)