လွန်ခဲ့သောနှစ်ပေါင်း ၅၂၀၀၀ က အမွေးရှည်ဆင်ကြီးများကို ပြန်လည်အသက်သွင်းနိုင်တော့မည်

လွန်ခဲ့သောနှစ်ပေါင်း ၅၂၀၀၀ က အမွေးရှည်ဆင်ကြီးများကို ပြန်လည်အသက်သွင်းနိုင်တော့မည်

မကြာသေးမီက သုတေသနပညာရှင်များသည် လွန်ခဲ့သောနှစ်ပေါင်း ၅၂၀၀၀ ခန့်ကတည်ရှိခဲ့သည့် အမွေးရှည်ဆင်ကြီး တစ်ကောင်၏ဒီအန်အေကို သရီးဒီပုံစံဖြင့် ပြန်လည်စီစဉ်မှုလုပ်ဆောင်ထားနိုင်သော ကြောင့် အမွေးရှည်ဆင်များကိုပြန်လည် အသက်သွင်းနိုင်တော့မည်ဖြစ်သည်။

ကိုလော့ဆယ်     ဇီဝသိပ္ပံကုမ္ပဏီက အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ယင်းသို့အကောင်အထည်ဖော်မှုအတွက် နှစ်ပေါင်း ၅၂၀၀၀ သက်တမ်းရှိ အေးခဲနေသော အမွေးရှည်ဆင်ကြီးကို အသုံးပြုနေခြင်းဖြစ်သည်။

သို့သော် ထိုဆင်ကြီး၏ဒီအန်အေကို နေရာတကျပြန်လည်စီစဉ်မှုသည် အလွန် ခက်ခဲသည့်ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရသည် နှင့်တူကြောင်း၊ နောက်ဆုံးတွင်မူ အဆင့် မြင့်နည်းပညာအကူအညီဖြင့် ဆင်ကြီး၏ ခရိုမိုဆုမ်း ၂၈ မျိုးကို အသေးစိတ်ကျကျ ပြန်လည်စီစဉ်လိုက်နိုင်ပြီဖြစ်ကြောင်း သုတေသီများကပြောသည်။

အဆိုပါ  အမွေးရှည်ဆင်ကြီးများကို ပြန်လည်အသက်သွင်းခြင်းသည်   ဂေဟစနစ်ကိုညီမျှစေရန်၊   ကာဗွန်ထိန်းသိမ်းမှုကို တိုးမြင့်စေရန်နှင့်  ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်ဖြစ်သည်။   ထိုဆင်ကြီးများ     မရှိတော့ကတည်းက မြက်ခင်းပြင်များသည် ကာဗွန်စုပ်ယူ နိုင်စွမ်းကျဆင်းသွားခြင်း ဖြစ်သည်။    

Ref: IE

K.H