Google က စမတ်ဖုန်းမှတစ်ဆင့် ရောဂါများကိုရှာဖွေနိုင်ရန် AI ကိုအသံပေါင်း သန်း ၃၀၀ ဖြင့်လေ့ကျင့်ပေးနေ
Google ကုမ္ပဏီက စမတ်ဖုန်းများမှ တစ်ဆင့် ရောဂါရှာဖွေဖော်ထုတ်နိုင်ရေး အတွက် AI ကို အသံပေါင်းသန်း ၃၀၀ ဖြင့် လေ့ကျင့်ပေးလျက်ရှိသည်။ အဆိုပါအသံ များတွင် ချောင်းဆိုးသံ၊ နှာရှုပ်သံ၊ ကြိုးစား ပမ်းစားအသက်ရှူနေရသည့်အသံ စသည် တို့ပါဝင်သည်။
AI ကို ထိုကဲ့သို့လေ့ကျင့်ပေးနိုင်စေရေး အတွက် Google ကုမ္ပဏီက အိန္ဒိယနိုင်ငံ အခြေစိုက် အသက်ရှူလမ်းကြောင်းကျန်းမာရေးဆိုင်ရာ AI ကုမ္ပဏီဖြစ်သည့် Salcit နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီများ၏ကြိုးစားမှုသည် ဝေးလံခေါင်ဖျားသောဒေသများ၊ ကျန်းမာ ရေးစောင့်ရှောက်မှု ကောင်းစွာမရရှိသော ဒေသများတွင်နေထိုင်သူများက ကြီးစွာ သောပြောင်းလဲမှုကို ရရှိနိုင်မည်ဖြစ်သည်။
အထူးသဖြင့် တီဘီရောဂါကဲ့သို့သော ရောဂါများကို AI ကဖော်ထုတ်ပေးနိုင်လာ မည်ဖြစ်သောကြောင့် စောစီးစွာကုသမှု ခံယူခြင်းဖြင့် အသက်ရှည်ကျန်းမာမှုကို ရရှိစေမည်ဖြစ်သည်။
ယခုနည်းပညာက တီဘီရောဂါကို မှန်ကန်စွာဖော်ထုတ်နိုင်ပြီဆိုလျှင် အခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးကျန်းမာရေး အခြေအနေများကို အသံကြားရုံဖြင့် တိကျစွာခွဲခြမ်း စိတ်ဖြာနိုင်စေမည်ဖြစ်သည်။
Ref: IE
K.H