အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံးလူကိုးဦးသေဆုံး

အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံးလူကိုးဦးသေဆုံး

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း မီဒီယာများက မေလ ၂၄ ရက်တွင် ဖော်ပြသည်။

သေဆုံးသူများသည် ရာသီဥတု ပူပြင်းလွန်းခြင်းကြောင့် ချွေးထွက်လွန်ပြီး နာမကျန်းဖြစ်ကာ   သေဆုံး သွားခြင်းဖြစ်ကြောင်း မီဒီယာများတွင် ဖော်ပြထားသော်လည်း သေဆုံးရသည့် အကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပြည်နယ်သဘာဝ ကပ်ဘေးစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန် ရှိသူများ ကပြောသည်။ ရာဂျက်စသန်ပြည်နယ်ရှိ ဘားမားမြို့တွင် မေလ ၂၃ ရက်က အပူချိန်မှာ ၄၈ ဒသမ ၈ ဒီဂရီအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်း၌ ပြင်းထန်သည့် အပူလှိုင်း ဖြတ်သန်း နိုင်မှုနှင့်စပ်လျဉ်း၍ မိုးလေဝသဌာနမှ တာဝန်ရှိသူများက သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မေလအတွင်း အပူချိန်မြင့်တက်လေ့ရှိပြီး မြို့တော်နယူးဒေလီတွင် မေလ၂၅ ရက်၌ အပူချိန် ၄၅ ဒီဂရီခန့်အထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားရာ အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး အချို့ဒေသများ၌ လေကြောင်းခရီးစဉ်များကိုပါ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။                  

Ref: ST