မီတာများ စနစ်တကျ မှန်ကန်စွာဖတ်ရှုရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

 

မီတာများ စနစ်တကျ မှန်ကန်စွာဖတ်ရှုရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး 

ရန်ကုန်      စက်တင်ဘာ     ၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့သို့ သွားရောက်၍ မီတာများစနစ်တကျ မှန်ကန်စွာဖတ်ရှုရေး၊ ယူနစ်ဖတ်ချက်များမှန်ကန်ကြောင်း မီးသုံးသူမှ အတည်ပြု လက်မှတ်ရေးထိုးရေးနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ၂၃၀ ကေဗွီ ခရမ်းပင်မဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဇွဲပလိုင်ဓာတ်အားခွဲရုံတို့သို့ လည်းကောင်း၊     သုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ၃၃/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဥက္ကံဝဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ သိုက်တူးကန်ဓာတ်အားခွဲရုံတို့သို့လည်းကောင်း သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မီတာများ စနစ်တကျမှန်ကန်စွာ ဖတ်ရှုရေး၊ ယူနစ်ဖတ်ချက်များမှန်ကန်ကြောင်း မီးသုံးသူမှအတည်ပြုလက်မှတ်ရေးထိုးရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရန် ဓာတ်အားခွဲရုံအင်္ဂါရပ်များနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး အသေးစိတ်မှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ သန်လျင်မြို့နယ် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ သူဌေးကွင်းဓာတ်အားခွဲရုံသို့ သွားရောက်ကာ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ

သစ္စာ(mna)

Dates: 
Thursday, September 5, 2024 - 08:48