ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို စက်တင်ဘာလ ၅ ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ် နှင့် အသက်အရွယ်ကန့်သတ်ချက်၊ အသက် ၁၄ နှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်လုပ်ခွင့်မပြုရ၊ အသက် ၁၄ နှစ်ပြည့်ပြီး အလုပ်စေ ခိုင်းပါက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း အသိပညာပေးဟော ပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့မြို့နယ်ပညာရေးမှူးရုံး လက်ထောက် ပညာရေးမှူး ဦးသိန်းဇော်၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)