အသံနှုန်းလွန်ဒုံးကျည်များကို သံမဏိဖြင့်ပြုလုပ်နိုင်ပြီး အမြန်နှုန်းမှာ အသံထက်ရှစ်ဆပိုမြန်စေမည်
တရုတ်သိပ္ပံပညာရှင်များက အသံနှုန်း လွန်ဒုံးကျည်များ ထုတ်လုပ်ရာတွင် လေးလံပြီး ကုန်ကျစရိတ် ကြီးမားသည့် အဖြိုက်နက်များအစား သံမဏိကို အစားထိုးနိုင်ကြောင်း တွေ့ရှိထားသည်။
သံမဏိကို အသုံးပြုခြင်းသည် အသံနှုန်း လွန်ဒုံးကျည်အတွက် မဖြစ်နိုင်ဘူးဟု ထင်ကောင်းထင်နိုင် သော်လည်း အပူကာနည်းပညာအသစ်ကို အသုံးပြုခြင်းဖြင့် ဖြစ်နိုင်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ဖော်ထုတ်ထားသည်။
အဆိုပါသံမဏိကို ဒုံးကျည်၏ထိပ်ဖူး နေရာတွင် တပ်ဆင်အသုံးပြုခြင်းဖြင့် ဒုံးကျည်သည် အသံထက် ရှစ်ဆမြန်သော နှုန်းဖြစ်သည့် တစ်နာရီလျှင် မိုင် ၆၀၀၀ ကျော်နှုန်းဖြင့်သွားနိုင်သည်ကို တွေ့ရှိကြောင်း သိပ္ပံပညာရှင်များက ၎င်းတို့၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
သံမဏိကို အသုံးပြုခြင်းအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သော အပူဒဏ် ခံနိုင်ရေးအတွက် ဒုံးကျည်၏ ထိပ်ဖူးတွင် အလွန်အပူခံကြွေလွှာတစ်ထပ်နှင့် ၎င်း၏ အောက်၌ အပူခံဂျယ် အလွှာ တစ်ထပ် ကို သုတ်လိမ်းလိုက်ခြင်းအားဖြင့် ဖြေရှင်းနိုင်သည်ဟု ပညာရှင်များက ပြောထားသည်။
အဖြိုက်နက်၏ နေရာတွင် သံမဏိကို အစားထိုးလာနိုင်ပါက အသံနှုန်းလွန်ဒုံးကျည်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်စေမည်ဖြစ်သည်။
Ref: IE K.H