၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ အရာထမ်း၊ အမှုထမ်း များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အထိမ်းအမှတ်နေ့ဆောင်ပုဒ်မှာ “သန့်ရှင်း သောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှု စတင်စို့” ဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက် စေသည့်အပြင် လေထုညစ်ညမ်းမှုကြောင့် ရာသီဥတု ပြောင်းလဲမှုဆိုးဝါးစေပြီး စိုက်ပျိုးသီးနှံ ထွက်နှုန်း များကျဆင်းလာခြင်း၊ သီးနှံများ၏ ကြီးထွားနှုန်းလျော့နည်းလာပြီး အာဟာရ ဖြစ်မှုတန်ဖိုးလည်း လျော့ကျစေနိုင်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှု ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် လေထုအရည်အသွေး များရှိသော ပတ်ဝန်းကျင်ရရှိစေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက လေထုအရည်အသွေး စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့နှင့် လေထုညစ်ညမ်းမှု ကို ဖြစ်ပေါ်စေသော မီသိန်းဓာတ်ငွေ့ထုတ် လွှတ်မှုလျှော့ချနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ကာဗွန် ထုတ်လွှတ်မှု နည်းသော အစိမ်းရောင်နည်းပညာများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုရေး၊ မြို့ပြတည်ဆောက်ရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နည်းပညာသစ်များ အသုံးပြုနိုင်ရေး၊ သစ်တောနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့် ရှောက်ရေးများတွင် ဌာန၊ အဖွဲ့အစည်းနှင့် ပြည်သူအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် ဗီဒီယိုကိုကြည့်ရှုပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အထိမ်းအမှတ် ပိုစတာများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
(၅၀၀)