မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကွင်းဆင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာ တောင်ကန်နှင့် မြောက်ကန် ရေသောက်စနစ်များ၏ မိုးစပါး ရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန် ရေသို လှောင်ထားရှိမှု၊ ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက် စနစ် အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးရေရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်ရေး တို့ကို ဆွေးနွေးမှာကြားသည်။

စက်တင်ဘာလ ၄ ရက်တွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၇) ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ထို့နောက် တက်ရောက်လာသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန်များ၏ ရေဝင် ရောက်မှုအခြေအနေနှင့် ရေသောက်စနစ်များတွင် လက်ရှိသီးနှံ စိုက်ပျိုးထားရှိမှု၊ တိုးချဲ့စိုက်ပျိုးနိုင်မည့် ဧရိယာများ၊ မိတ္ထီလာလွင်ပြင် ကုန်းမြင့်ပိုင်းများရှိ စိုက်ပျိုးမြေများကို ရေတင်ပေးဝေနိုင်ရေးနှင့် မြေအောက်ရေ အရင်းအမြစ်များ ထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြကြ ရာဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်‌ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။                       

(၅၀၀)

Dates: 
Saturday, September 7, 2024 - 09:44