ခေတ်မီမီးငြှိမ်းသတ်စနစ်များ လက်တွေ့သင်ကြားပို့ချ

ခေတ်မီမီးငြှိမ်းသတ်စနစ်များ လက်တွေ့သင်ကြားပို့ချ

မန္တလေး  စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ကျသည့် လက်ထောက်မီးသတ်ဦးစီးမှူးများနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်များမှ  တပ်ဖွဲ့ဝင်များအား စက်တင်ဘာလ  ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၄၅ လမ်း၊ ၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန စစ်ရေးပြကွင်း၌   တပ်ဆင်ထားသောခေတ်မီမီးငြှိမ်းသတ်စနစ်များ Fire   Frighting   Simulator အား မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

ထိုသို့ခေတ်မီ မီးငြှိမ်းသတ်စနစ်များ လက်တွေ့သင်ကြားပေးနေမှုကို မန္တလေးတိုင်း ဒေသကြီး  မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)