ကလေးငယ်နှင့်သွားတိုက်ချိန်
ကလေးတွေ ဘယ်အချိန်သွားတိုက်မလဲ။ ကလေး ခြောက်လမှာ သွားငုတ်တုတ်၊ လူငုတ်တုတ်၊ သွား စပြီးပေါက်တယ်။ ရှေ့သွားတွေ အရင်စပေါက်ပါတယ်။ ကလေးအသက်သုံးနှစ်မှာ သွားတွေစုံပါတယ်။ ကလေးအသက်ခြောက်နှစ်လောက်မှာ ငယ်သွားလဲပြီး အသက် ၁၃ နှစ်လောက်မှာ လူကြီး သွားစုံပါ တယ်။
ငယ်သွားမလဲမီမှာ သွားပိုးစားတာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံးသွားတာကြောင့် ပြဿနာတွေရှိနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုရင် ကြီးသွားပေါက်ရင် မညီမညာနဲ့ စောင်းပြီးပေါက်တာတွေဖြစ်တတ်ပါတယ်။
ကလေးသွား ပထမဆုံးစထွက်တဲ့အချိန်မှာ အစားအသောက်စားဖို့အရေးကြီးတယ်။ နောက်ပြီး ငယ် သွားတွေပေါက်ဖို့အတွက် နေရာဖန်တီးပေးရပါတယ်။ ငယ်သွားအစောဆုံးနုတ်လိုက်ရင် ကြီးသွားတွေ ပေါက် လာချိန်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ကြီးသွား ပေါက်နှေးတာ၊ ဘေးကသွားတွေ ရွေ့လာ တာမျိုး ဖြစ်နိုင်ပါတယ်။ ငယ်သွားရဲ့ရှေ့သွားတွေ နုတ်လိုက် ရတယ်ဆိုရင် နောက်ကအံသွားတွေက ရှေ့ကိုရွေ့လာပြီး ကြီးသွားပေါက်ဖို့ နေရာမရှိတော့တာမျိုး ဖြစ်တတ် ပါတယ်။
နောက်တစ်ခုက ငယ်သွားတွေက ကလေးရဲ့ မေးရိုးဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ တစ် ယောက်နဲ့ တစ်ယောက် မျက်နှာအနေအထား မတူကြပါဘူး။ တချို့က မေးရိုးအပြင်ထွက်နေတာရှိတယ်။ တချို့က မေးရိုးလှတယ်။ ဒါက ငယ်သွားလဲတာနဲ့ အများကြီးဆိုင်ပါတယ်။ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံးသွားရင် ဖွံ့ဖြိုးမှုနောက်ကျပြီး မေးရိုးက ကြီးသွားပေါက်တဲ့အခါ မလှတာမျိုးဖြစ်တတ်တယ်။ ငယ်သွားလဲတဲ့အခါ တချို့ငယ်သွားတွေက ခိုင်တယ်။ သွားဖုံးထဲမှာခိုင်ပြီး မကျိုးတာကြောင့် ကြီးသွား ပေါက်တဲ့အခါမှာ စောင်းတာ၊ ထပ်တာတွေဖြစ်တတ်တယ်။ ငယ်သွားကို မဖြစ်မနေနုတ်ပေးသင့်ပါတယ်။ ကလေးတွေ သွားစပေါက်တဲ့အခါ လက္ခဏာ အမျိုးမျိုးတွေ့ ရတတ်ပါတယ်။ ဒါပေမဲ့ ကလေး တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်ကတော့ ကလေးသွားစပေါက်ပြီဆိုရင် သွားဖုံးကနေ ထွက်ရမှာ ဖြစ်ပါတယ်။ ကလေးအတွက် ပထမဆုံး အတွေ့အကြုံတစ်ခု ဖြစ်တယ်။ ဒီလို သွားစထွက်တဲ့ အတွက် သူတို့မှာ နေထိုင်ရနည်းနည်းခက်စေပါတယ်။ ဒါကို လျှာနဲ့ ထိုးတဲ့အတွက် လျှာမှာအနာဖြစ်တာ၊ ပုံမှန်ထက်ပိုပြီး သွားရည်ကျတာ၊ သွားဖုံးယားတာ၊ တချို့ကလေး တွေမှာ သွားပေါက်တဲ့အတွက် ဖျားတာ၊ ဝမ်းလျှော တာတွေဖြစ်တတ်ပါတယ်။
ကလေးဖျားတယ်ဆိုရင် ဆေးပမာဏကိုလျှော့ တိုက်ရပါမယ်။ ပါရာစီတမောပါတဲ့ ကိုယ်ပူကျဆေး တွေတိုက်လို့ရပါတယ်။ ကလေးက ဆေးမသောက်ချင် ဘူးဆိုရင် ကိုယ်ပူကျကပ်ခွာလေးတွေ ကပ်ပေးလို့ ရပါတယ်။ ပုံမှန်ဆိုရင်တော့ ကလေးသွားစပေါက်တဲ့ ခြောက်လ၊ တစ်နှစ်ဝန်းကျင်ကစပြီး သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ကလေးသွား စပေါက်တဲ့ခြောက်လမှာ သွားဆေး ခန်းမလာနိုင်သေးပေမယ့် ကလေးအသက်တစ်နှစ်ပြည့်တဲ့အချိန်မှာ ဆေးခန်းကို တစ်ကြိမ်လောက်တော့ လာပြကြပါတယ်။
ကလေးတွေက သွားစပေါက်တဲ့အချိန်မှာ သွားကို လျှာနဲ့ထိုးတတ်ကြတယ်။ သွားခေါတာ၊ သွားငုပ်တာ မျိုးက လျှာနဲ့ထိုးတာနဲ့ မဆိုင်ပါဘူး။ ကြီးသွားလဲတဲ့ အချိန်ထိ အကျင့်နဲ့ဆိုင်ပါတယ်။ တချို့ကလေး တွေက လက်မစုပ်တတ်ပြီး တချို့ကလေးက သွားကိုလျှာနဲ့ထိုး တတ်တယ်။ အဲဒီအကျင့်က ကြီးသွား ပေါက်တဲ့အချိန် ပါလာမယ်ဆိုရင်တော့ အသက်(၆-၇)နှစ်အထိ သွားခေါတာ၊ သွားငုပ်တာဖြစ်တတ် ပါတယ်။ တချို့ ကလေးတွေဆိုရင် အသက် ၁ဝ နှစ်လောက်အထိ အကျင့်ပါနေတာမျိုး တွေ့ ရတတ် ပါတယ်။ ကလေးရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး သွားတိုက်ပေးနိုင်ပါတယ်။ ကလေးသွားမပေါက်မီ ကတည်းက သွားတိုက်တဲ့ အကျင့်လုပ်ပေးသင့်ပါတယ်။ ကလေး အသက်ခြောက်လမတိုင်မီကတည်းက သွားတိုက်ပေးသင့်တယ်။
အဲဒီလိုသွားတိုက်ပေးဖို့အတွက် ရေသန့် ဒါမှမဟုတ် ရေကြက်သီးနွေးနဲ့ အဝတ်စ၊ ဂွမ်းစ လိုပါတယ်။ အဝတ်ကို လူကြီးလက်ညှိုးမှာပတ်ပြီး ကလေးရဲ့ သွားဖုံးပတ်လည်၊ သွားဖုံးနဲ့ပါးစောင်ကြား၊ အစာဝင်တဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ဒီလို မလုပ်ရင် တချို့ကလေးတွေရဲ့ လျှာနဲ့နှုတ်ခမ်းမှာ အဖြူဖတ်လေးတွေ ဖြစ်တတ်ပါတယ်။
ကလေးကို ပုံမှန်သွားတိုက်ပေးတာကတော့ အသက် (၁-၃) နှစ်အတွင်းမှာ ပြုလုပ်သင့်ပါတယ်။ အသက်(၁-၃)နှစ်အတွင်း ကလေးတွေသွားတိုက်ဆေး သုံးတော့မယ်ဆိုရင် ဆန်စေ့အရွယ်လောက်ပဲ သုံးသင့် ပါတယ်။ အသက်(၃-၆)နှစ်အရွယ်ရောက်ရင်တော့ ပဲစေ့အရွယ်လောက်သုံးသင့်ပါတယ်။
အသက် ၁၂ နှစ်အထက်အရွယ်ရောက်မှ သွားတိုက်တံအပြည့် သွားတိုက်ဆေးထည့်သုံးနိုင်ပါတယ်။ သွားတိုက်ဆေးရွေးတာလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ကလေးတွေအတွက် ထုတ်ထားတဲ့ သွားတိုက်ဆေးတွေမှာ ဖလူအိုရွိုက်ပါဝင်မှုအပေါ် မူတည်ပြီးသုံးမျိုးရှိတယ်။ ကလေးတွေအတွက်ဆိုရင် ဖလူအိုရွိုက် ပါဝင်မှုနည်းတာပဲသုံး သင့်ပါတယ်။ ကလေးတွေက သွားတိုက်ဆေးတွေမျိုချမိတဲ့အခါ အန္တရာယ်ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးသွားတိုက်ဆေးကို စနစ်တကျ ရွေးချယ် သုံးသင့်ပါတယ်။
ဖလူအိုရွိုက်က သွားကျန်းမာရေးအတွက် အရေး ကြီးပါတယ်။ သွားတွေခိုင်မာအောင်လုပ်ပေးတယ်။
ဈေးကွက်ထဲမှာ ဖလူအိုရွိုက်ပါတဲ့သွားတိုက်ဆေး၊ ခံတွင်းနံ့ကောင်းစေပြီး ဖလူအိုရွိုက်မပါတဲ့သွားတိုက် ဆေးဆိုပြီးရှိပါတယ်။ ဖလူအိုရွိုက်ပါတဲ့သွားတိုက် ဆေးကို ကိုယ့်ကလေးအတွက်သုံးမယ်ဆိုရင် ကလေး ကို သေချာသင်ပေးရပါမယ်။ မိဘသင်ပေးတာကို လိုက်နာတဲ့ကလေးတွေဆိုရင် ဖလူအိုရွိုက်ပါတဲ့ သွားတိုက်ဆေးသုံးသင့်တယ်။ မလိုက်နာတဲ့ ကလေးဆိုရင် ဖလူအိုရွိုက်မပါတာ သုံးသင့်ပါတယ်။ စနစ်တကျ သွားတိုက်နည်းက ကလေးတွေအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ မှန်ကန်တဲ့ သွားတိုက် နည်း မဟုတ်ဘူးဆိုရင် ကလေးတွေမှာ သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေဖြစ်နိုင်ပါတယ်။ ပထမဆုံး အနေနဲ့ သွားတိုက်ဖို့အတွက် သွားတိုက်တံရွေးချယ်တတ်ဖို့ လိုပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ သွားတိုက်တံကို ရွေးသင့်ပါတယ်။ သူတို့အတွက် သွားတိုက်တံက သေးသေးလေး ကွေးကွေးလေးတွေ၊ ထိပ်ကလည်း တွေဖြစ်ပါတယ်။ အဲဒါမျိုးရွေးချယ်ရပါမယ်။ အိပ်ရာထနဲ့ အိပ်ရာ ဝင်ခါနီးမှာ တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးရပါမယ်။ သွားတိုက်တံကို သွားနဲ့သွားဖုံး ပေါ် တစ်ဝက်စီ တင်ပြီး အထက်နဲ့အောက် ဆွဲချတိုက်ပြီး တစ်နေရာကို(၅-၁၀)ချက် တိုက်ရပါမယ်။ အောက် သွားဆိုရင်လည်း သွားပွတ်တံကို သွားနဲ့သွားဖုံး တစ်ဝက်စီတင်ပြီးတိုက်သင့်တယ်။ စက်ဝိုင်းပုံစိုက်ပြီး တိုက်ရာကနေ အပေါ်အောက်ဆွဲချပြီးတိုက်သင့် ပါတယ်။ သွားရဲ့ အတွင်းဘက်မျက်နှာပြင်ကိုတိုက်ဖို့ အတွက် သွားပွတ်တံကို ပါးစပ်အပြင်ဘက်လှည့်ပြီး အပေါ်ကနေ အောက်ကိုဆွဲချတိုက်သင့်တယ်။ အံသွားတွေကို အလျားလိုက်တိုက်ပေးသင့်တယ်။ သွားတိုက်တဲ့အခါ ခဏပဲတိုက်ပြီး ထွေးထုတ်တာမျိုး မလုပ်သင့်ပါဘူး။ အနည်းဆုံး(၂-၃) မိနစ်ကြာအောင် သွားတိုက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
ဒေါက်တာလွင်သန့်