ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်

 

နေပြည်တော်၊  ၂၀၂၄ စက်တင်ဘာလ ၉ ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီလ ၈  ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ယခုအခါ  ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့ သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။ 

ကျွန်တော်အပတ်စဉ်၅မှာတက်ရတဲ့အကြောင်းအရင်းကျွန်တော်မှာရည်ရွယ်ချက်တွေအများကြီးရှိပါတယ်၊နိုင်ငံကိုကာကွယ်ဖို့အတွက်ကျွန်တော်လူမျိုးဘာသာသာသနာအတွက်ကိုကာကွယ်ဖို့အတွက်ဝင်ရခြင်းအကြောင်းအရင်း ဖြစ်ပါတယ်၊အရပ်သားဘဝနဲ့စစ်သားဘဝအများကြီးကွာခြားပါတယ်၊ကျွန်တော်ငယ်ငယ်ကတဲ့ကစစ်သားအရမ်း ဖြစ်ချင်တာဖြစ်ခွင့်ရမယ်လိုထင်မထားခဲ့ပါဘူး၊အခုလိုမျိုးမမျော်လင့်ပဲဒီလိုစစ်မူထမ်းရတဲ့အတွက်ကြောင့် ကျွန်တော်အရမ်းလဲဝမ်းသားပါတယ်၊စစ်မူမထမ်းရသေးတဲ့လူငယ်တွေကိုလည်းစစ်မူထမ်းစေချင်ပါတယ်၊ကိုယ်လူမျိုးကိုယ်နိုင်ငံအတွက်ကိုကာကွယ်ဖို့အတွက်ပါ၊သူငယ်ချင်းတွေကိုလည်းစစ်မူထမ်းဖို့အတွက်ကျွန် တော်ဖိတ်ခေါ်ပါတယ်။

==========================

 ကျွန်တော်ကတော့ဒုတိယနှစ်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကပါ၊နိုင်ငံသားတိုင်းထမ်းဆောင်သင့်တဲ့ပြည်သူစစ်မူထမ်းကာကွယ်ဖို့နိုင်ငံတစ်ယောက်အနေနဲ့ ကျေပွန်အောင်ထမ်းဆောင်ချင်လို့ ဒီသင်တန်းကိုတက်ရောက်ခဲ့ပါတယ်၊အားကြိုး မာန်တက်လေ့ကျင့်ကြိုးစားနေတဲ့ အစ်ကိုကြီးတွေကိုကြည့်ပြီးတော့ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာပါတယ်၊ကျွန်တော်လည်းကြိုးစားသွားမှာပါ။

===========================

ဒီသင်တန်းကိုလာရောက်တက်ရခြင်းရည်ရွယ်ချက်ကတော့ နိုင်ငံ သားတာဝန်ထမ်းဆောင်သင့်တဲ့ ပြည်သူစစ်မူထမ်းတာဝန်ကို ကိုယ်တိုင်လဲထမ်းဆောင်လိုစိတ်ရှိတဲ့အတွက်လာရောက်တက်ခြင်းဖြစ်ပါတယ်။

Dates: 
Monday, September 9, 2024 - 17:37