SpaceX က အပိုလိုပြီးနောက် လူလိုက်ပါသည့် အဝေးဆုံး အာကာသခရီးကို စက်တင်ဘာလ ၁၀ ရက်တွင် လွှတ်တင်မည်
SpaceX ကုမ္ပဏီက အပိုလိုပြီးနောက် လူလိုက်ပါသည့် အဝေးဆုံး အာကာသခရီး ကို စက်တင်ဘာလ ၁၀ ရက်တွင် လွှတ်တင်သွားမည်ဖြစ်သည်။
Polaris Dawn ဟုအမည်ပေးထားသည့် ထိုခရီးစဉ်တွင် လူလေးဦး လိုက်ပါမည်ဖြစ်ပြီး ယင်းခရီးစဉ်သည် သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် အခကြေးငွေပေး အာကာသအတွင်း လမ်းလျှောက်မှု အစီအစဉ်ပါဝင်သော ခရီးစဉ်လည်းဖြစ်သည်။
လွှတ်တင်မှုကို စက်တင်ဘာလ ၁၀ ရက် ဂရင်းနစ်စံတော်ချိန် ၇ နာရီ ၃၈ မိနစ်မှ စတင်သည့် လေးနာရီအတွင်း လုပ်ဆောင် သွားမည်ဖြစ်ပြီး လွှတ်တင်မှုလုပ်မည့် နေရာမှာ အပိုလိုရည်မှန်းချက်အတွက် လွှတ်တင်မှုလုပ်သည့် ကနေဒီအာကာသယာဉ် လွှတ်တင်ရေး စခန်းဖြစ်သည်။