ရေကြည်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက်ဟုဆိုကာ ထောက်ပံ့ကြေးများ အဓမ္မကောက်ခံနေကြောင်း မဟုတ်မမှန်သတင်းတု၊ သတင်းမှားများ ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ အုပ်ချုပ်ရေးမှူးမှ ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက်ဟုဆိုကာ ထောက်ပံ့ကြေးများ အဓ္ဓမ ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန်အတွက် အသက် ၃၅ နှစ်မှ ၆၅ နှစ် အရွယ်များကို စာရင်းကောက်ယူ လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖော်ပြ လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်နှင့် လုံခြုံရေးတာဝန်ရှိသူများ ၏ ပြောကြားချက်အရ မြို့/ရွာများတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိသော်လည်း မည်သည့် ငွေကြေးကောက်ခံမှုများ မရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကြံဖန်တီရေးသားနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။