ရုရှားက ဒေသကိုးခုတွင် ယူကရိန်းဒရုန်း ၁၄၄ စင်းကို ဖျက်ဆီးလိုက်နိုင်
မော်စကို၊ စစ်ရေး
ရုရှားတပ်ဖွဲ့များက နိုင်ငံ၏ ဒေသကိုးခုတွင် ယူကရိန်းတို့၏ ဒရုန်းအစင်းရေ ၁၄၄ စင်းကို ကြားဖြတ်ဖျက်ဆီးလိုက်နိုင်သည် ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စက် တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်သည်။
ဒရုန်း ၇၂ စင်းကို ဘရိုင်ယန့်ဒေသတွင် လည်းကောင်း၊ အစင်း ၂၀ ကို မော်စကို ဒေသတွင် လည်းကောင်း၊ ၁၄ စင်းကို ခု(စ်) ဒေသတွင် လည်းကောင်း၊ ၁၃ စင်းကို တူလာ ဒေသတွင် လည်းကောင်း၊ ရှစ်စင်းကို ဘဲ ဂိုရော့ဒေသတွင် လည်းကောင်း၊ ခုနစ်စင်း ကို ကာလုဂါဒေသတွင် လည်းကောင်း၊ ငါးစင်းကို ဗိုရိုနားဒေသတွင် လည်းကောင်း၊ လေးစင်းကို လစ်ပတ်ဒေသတွင်လည်း ကောင်း၊ တစ်စင်းကို အော်ယိုဒေသတွင် လည်းကောင်း ကြားဖြတ်ပစ်ချလိုက်နိုင် ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၉ ရက် ညသန်းခေါင် ယံတွင် ယူကရိန်းတို့၏ ဒရုန်းတိုက်ခိုက်မှု ကြောင့် မော်စကိုဒေသ၏ ရာမန်စကိုယီ ခရိုင်ရှိ တိုက်ခန်းများ ပျက်စီးမှုဖြစ်ပွားသည်
ဟု မော်စကိုအုပ်ချုပ်ရေးမှူးက ပြောသည်။ ထိုတိုက်ခိုက်မှုတွင် အမျိုးသမီးတစ်ဦး သေ ဆုံးပြီး သုံးဦးဆေးရုံတင်ရကာ ၄၃ ဦးမှာ ယာယီစခန်းများ၌ နေထိုင်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။
ယူကရိန်းဘက်က ယခုကဲ့သို့လူနေရပ်ကွက်များအပေါ် ဒရုန်းများဖြင့် တိုက်ခိုက် မှုများ လုပ်ဆောင်လာခြင်းသည် ရုရှားက ယူကရိန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရမည့် အကြောင်းရင်း တစ်ခုဖြစ်လာကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။