ရုရှားက တစ်ကြိမ်လျှင် မိုင်းအလုံး ၁၂၀ ခင်းနိုင်သည့် မောင်းသူမဲ့မိုင်းခင်းယာဉ်ကိုထုတ်ဖော်ပြသ
ရုရှားကြည်းတပ်က Army-2024 စစ်လက်နက်ပစ္စည်းပြပွဲ၌ တစ်ကြိမ်လျှင်မိုင်းအလုံး ၁၂၀ အထိခင်းနိုင် သည့် မောင်းသူမဲ့မိုင်းခင်းယာဉ်ကို ထုတ်ဖော်ပြသလိုက်သည်။
အဆိုပါယာဉ်တွင် ပစ်လွှတ်ပြွန် အခု ၃၀ တပ်ဆင်ထားပြီး ပြွန်တစ်ခုစီတွင် အမျိုးမျိုးသော မိုင်းပစ်လွှတ် ကိရိယာများ ကိုတပ်ဆင်နိုင်သောကြောင့် တင့်ဖျက် မိုင်းများအပါအဝင် တစ်ကြိမ်လျှင်မိုင်း ၁၂၀ ကို ခင်းနိုင်စွမ်းရှိသည်။
ထို့ပြင် Impulse-KPTM ဟုအမည်ပေး ထားသော အဆိုပါယာဉ်သည် အမျိုးမျိုး သောယာဉ်များနှင့် နောက်တွဲယာဉ်များ ကိုပါဆွဲနိုင်မည်ဖြစ်သောကြောင့် စစ်ဆင် ရေးတွင် အံဝင်ခွင်ကျဖြစ်နိုင်စွမ်းကို ပိုမို တိုးမြင့်စေဦးမည်ဖြစ်သည်။
၎င်းသွားနိုင်သည့် အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ၁၀ ကီလိုမီတာဖြစ်ပြီး ၂၅ ဒီဂရီအထိ မတ်သည့် တောင်ကုန်းများ ကိုလည်းတက်နိုင်သည်။ ကွေ့နိုင်သည့် အတိုင်းအတာမှာ ၁၅ ဒီဂရီအထိရှိသော ကြောင့် မည်သည့် မြေပြင်မျိုးတွင်မဆို အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည်။
ထိုယာဉ်အတွက် စွမ်းအင်ပေးစနစ်မှာ စုစုပေါင်းစွမ်းအင် ၂၀ ကီလိုဝပ်ထွက်သည့် အင်ဂျင်များကို ပေါင်းစပ်အသုံးပြုထား သောကြောင့် တစ်ကြိမ်လျှင် လေးနာရီ အထိအသုံးပြုနိုင်သည်။ ဆက်သွယ်ရေး အတွက်မူ မြေပြန့်တွင်မီတာ ၁၀၀၀ အထိ ကို အရုပ်အသံကိုဖမ်းယူနိုင်သည့်ရေဒီယို လှိုင်းနှုန်းကို အသုံးပြုထားခြင်း ဖြစ်သည်။
Ref: AR K.H