ရုရှားနှင့်ယူကရိန်းတို့က စစ်သုံ့ပန်း ၁၀၃ ဦးစီ အပြန်အလှန် လဲလှယ်
ရုရှားနှင့်ယူကရိန်းတို့က စက်တင်ဘာ လ ၁၄ ရက်တွင် စစ်သုံ့ပန်း ၁၀၃ ဦးစီကို အပြန်အလှန်လဲလှယ်ကြောင်းနှင့် ထိုသို့လဲလှယ်မှုသည် နှစ်နိုင်ငံကြား သဘောတူ ညီချက်ရရှိသည့် ရှားပါးဖြစ်စဉ်တစ်ခုဖြစ် ကြောင်း သိရသည်။
ယခုကဲ့သို့ နှစ်နိုင်ငံကြား သဘောတူညီချက် ရရှိစေရန် အာရပ်စော်ဘွားများ ပြည်ထောင်စုက ကြားဝင်စေ့စပ် ညှိနှိုင်းပေးခြင်းဖြစ်သည်။
ရုရှားကပြန်လွှတ်ပေးလိုက်သည့် ယူကရိန်းစစ်သုံ့ပန်းများမှာ ယူကရိန်းက ခု(စ်) ဒေသကို ကျူးကျော်တိုက်ခိုက်စဉ် အဖမ်းခံထားရသူများနှင့် ရုရှားက အာဇော့စတယ် သံမဏိစက်ရုံကို သိမ်းပိုက်စဉ် အဖမ်းခံရသူများဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် ရုရှားစစ်သည် ၁၀၃ ဦးကိုလည်း ယူကရိန်းက ပြန်လွှတ် ပေးလိုက်ပြီး ယခုအခါ ထိုစစ်သည်များမှာ ဘယ်လာရု(စ်)နိုင်ငံ၌ ရှိနေကြောင်းနှင့် ၎င်းတို့ကိုလိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပေးကာ ဆွေမျိုးများနှင့်လည်း ဆက် သွယ်ခွင့်ပေးထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယူကရိန်းဘက်သို့ ပြန်လွတ်လာသူများတွင် တပ်သားနှင့် တပ်ကြပ်ကြီးအဆင့်ရှိသူ ၈၂ ဦးနှင့် အရာရှိအဆင့်ရှိသူ ၂၁ ဦးတို့ပါဝင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီက တယ်လီဂရမ်တွင် ရေးထားသည်။
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် ၎င်းတို့နှစ်နိုင်ငံကြား စစ်သုံ့ပန်း ရာပေါင်းများစွာကို အပြန်အလှန် လဲလှယ်ထားနိုင်သည်ကို တွေ့ရကြောင်း သိရသည်။